နေပြည်တော် ၊၂ ဇန်နဝါရီ 

၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက် ၇ နာရီတွင် နေပြည်တော် မြို့တော်ခန်းမရှေ့ ရင်ပြင်တွင် ကျင်းပမည် ဖြစ်သည်။  ယင်းအခမ်းအနား ကျင်းပပုံများကို နံနက် ၆ နာရီ မိနစ် ၄၀ မှစတင်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)၊ MITV၊ Up  to  Date၊ Channel 9၊ One News ၊ BBM Channel ၊ MRTV- 4၊ မြဝတီရုပ်မြင်သံကြား(MWD)၊ မြန်မာ့အသံ ရေဒီယို၊ Ministry of Information Facebook Page၊ MRTV  Facebook Page နှင့် Myanmar Digital News Facebook Page တို့မှ တိုက်ရိုက်ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်