ရေစကြို၊  ၃  ဇန်နဝါရီ

၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တောထဲလေးမျက်နှာ ဆုတောင်းပြည့်ဘုရား ရင်ပြင်တော်အား ဇန်နဝါရီ ၃ ရက်နေ့ နံနက် ၇ နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမှတ် ၄ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ ကွပ်ကဲမှုအောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှူးရုံး(ရေစကြို) တပ်ဖွဲ့စိတ်မှူး ရဲတပ်ကြပ်ကြီး နိုင်မိုး ဦးဆောင်ပြီး ဒုတိယတပ်ဖွဲ့စိတ်မှူး ရဲတပ်ကြပ်ကြီး သက်ဆွေနိုင်နှင့်အဖွဲ့သည် ရှေးဟောင်းသမိုင်းဝင် တောထဲလေးမျက်နှာ ဆုတောင်းပြည့်ဘုရား ရင်ပြင်တော်ရှိဘုရားများအား ပန်းကပ်လှူပူဇော်ခြင်းနှင့် ရင်ပြင်တော်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရှေးဟောင်းသမိုင်းဝင် ဘုရားများကို ယာဉ်ထိန်းရဲတပ်ဖွဲ့ စိတ်မှူးရုံး(ရေစကြို)က ပန်းကပ်လှူပူဇော်ခြင်းနှင့် ရင်ပြင်တော် သန့်ရှင်းရေးဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရည်မှန်းချက်တာဝန်များထဲမှ ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

နွယ်နွယ်အောင်