နေပြည်တော် ၁၀ ဖေဖော်ဝါရီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ငြိမ်းချမ်းရေးစုပေါင်းစက်ဘီးစီးပွဲ အခမ်းအနားကို ယနေ့နံနက် (၆) နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Gate -1 ရှေ့တွင် ကျင်းပသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေး စုပေါင်းစက်ဘီးစီးနင်းကြသူများအား သေနတ်ပစ်ဖောက် တာလွတ်ပေးသည်။

ယနေ့ကျင်းပသော (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေး စုပေါင်းစက်ဘီးစီးနင်းကြသူ စုစုပေါင်း(၁၅၃)ဦးသည် ယနေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Gate-1 ရှေ့မှစတင်တာထွက်ကာ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းအတိုင်း စီးနင်းကြ၍ မိတ္ထီလာမြို့တွင် ညအိပ်ရပ်နားမည် ဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် မိတ္ထိလာ၊ ကလော၊ အောင်ပန်း၊ ဟဲဟိုး ကားလမ်းအတိုင်း တောင်ကြီး မြို့သို့စီးနင်းကြ၍ တောင်ကြီးမြို့၌ ညအိပ်ရပ်နားမည်ဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် တောင်ကြီး၊ ဟိုပုန်း၊ ပင်လုံ ကားလမ်းအတိုင်းစီးနင်းကာ ရှမ်းပြည်နယ် ပင်လုံမြို့ ကျောက်တိုင်ကွင်းသို့ ပန်းဝင်ကြ မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်