ကျောက်ဆည် ၁၂ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ပြည်သူ့အားကစားကွင်တွင် ယနေ့န့နက် ၇ နာရီက စတင်ပြီး (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပြခန်းများ၊ ဆုပေးပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

 

52

 

အခမ်းအနားတွင် မြန်မာ့ရိုးရာ မုန့်မျိုးစုံနှင့် တိုင်းရင်းသားရိုးရာ အစားအသောက်များ၊ မှတ်တမ်းဓါတ်ပုံ များနှင့် စာအုပ်စာစောင်ပြခန်းများ၊ နံရံကပ်ပန်းချီ၊ ကာတွန်း၊ ပိုစတာပြခန်းများအပြင် ခေါင်းအုံးရိုက် ပြိုင်ပွဲများ၊ ခြင်းခတ်ပြိုင်ပွဲများ၊ ဘော်လီဘောပြိုင်ပွဲများ၊ ချောတိုင်တက်ပွဲများ၊ အခြားပြိုင်ပွဲများစွာဖြင့် စည်ကားလျက်ရှိကြောင်းနှင့် ပွဲတော်လာပြည်သူများက တိုင်းရင်းသားအစားအစာနှင့် မြန်မာ့ရိုးရာ အစားအစာများကို ဝယ်ယူအားပေးခဲ့ကြပြီး ပညာပေးပြခန်းများနှင့် အားကစားပြိုင်ပွဲများကိုလည်း ပျော်ရွှင်စွာ ကြည့်ရှုအားပေးကာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။

 

35

           

သက်မောင် (ကျောက်ဆည်)

 

452