ခန္တီး ၁၉  ဇူလိုင်  

 

၂၀၂၀ ပြည်နှစ် (၇၃)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌  ယနေ့နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်က အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးအား  ဂါရဝပြုခြင်းကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးနှင့် တက်ရောက်လာသည့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ အဖွဲ့ဝင်များက လွမ်းသူပန်းခွေချခြင်းနှင့် တစ်မိနစ်ဂါရဝပြုခဲ့ကြကြောင်း သိရသည်။

 

2

 

အာဇာနည်နေ့အခမ်းအနားကို ယခင်နှစ်များတွင် ခန္တီးမြို့နယ်ပြည်သူ့အားကစားရုံတွင် စည်ကားသိုက် မြိုက်စွာဂါရဝပြုခြင်း အခမ်းအနားကို ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် COVID-19 ကြိုတင်ကာကွယ်သည့် အနေဖြင့်   ကျန်းမာရေးဦးစီးဌာနညွှန်ကြားချက်နှင့်အညီ  လူစုလူဝေးမဖြစ်အောင် Social Distancing အတိုင်း စီစဉ်ပြီး အကျဉ်းချုပ်ကျင်းပခဲ့ကြောင်း သိရသည်။

 

3

 

စနေမောင်မောင်(ခန္တီး)