ညောင်ရွှေ   ၁၉   ဇူလိုင်    

           

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်သော (၇၃)နှစ်မြောက် အာဇာ နည်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ညောင်ရွှေမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ကွင်းပြင်၌ ပြုလုပ်ခဲ့သည်။

           

ရှေးဦးစွာ အခမ်းအနားတက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းတို့ကိုဆောင်ရွက်ကြပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဦးသိန်းဇော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များက ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ဓာတ်ပုံရှေ့တွင် စနစ်တကျလွမ်းသူပန်းခွေချ အလေးပြုခဲ့ကြသည်။

          

ထို့နောက် အခမ်းအနားတက်ရောက်လာသူများက နံနက်(၁၀)နာရီ(၃၇)မိနစ်အချိန်တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းနှင့် မေတ္တာပို့အမျှဝေရန် (၂)မိနစ်ငြိမ်သက်ခြင်းကို ဆောင်ရွက်ရာ ဥဩဆွဲခြင်း၊ မော်တော်ယာဉ်များ ရပ်တန့်အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

 

စိုင်းအယ်ဘဲ