ရန်ကုန်၊ ၄ ဇန်နဝါရီ

 

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။

 

ရှေးဦးစွာ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နိုင်ငံတော်အလံအား ကြိုဆိုလွှင့်ထူခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖတ်ကြားသည်။

 

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အကြီးအကဲများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည်သည်တော်များ တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

အောင်မြင့်(ပြန်/ဆက်)