နေပြည်တော် ၊ ၂၈ ဒီဇင်ဘာ
(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မီရှူးမီးပန်း ဂုဏ်ပြုပစ်ဖောက်မည့် အစီအစဉ်အား အများပြည်သူများ ကြိုတင်သိရှိနိုင်ရန် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။
မီရှူးမီးပန်းများ စမ်းသပ်ပစ်ဖောက်ခြင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃ ရက် ည ၇ နာရီတွင် သမ္မတအိမ်တော် အဝင်လမ်း၏ ညာဘက်ခြမ်း၌ မီရှူးမီးပန်း အလုံး (၄၀)အား (၁)မိနစ် ပစ်ဖောက်မည်ဖြစ်ပြီး ည ၇ နာရီ ၅ မိနစ်တွင် နေပြည်တော် ရေပန်းဥယျာဉ် ဂိတ်အမှတ်(၁) အဝင်လမ်း၌ မီရှူးမီးပန်း အလုံး (၄၀)အား (၁)မိနစ် ပစ်ဖောက်မည် ဖြစ်သည်။
အလားတူ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့၌ မီရှူးမီးပန်းများ ဂုဏ်ပြုပစ်ဖောက်သွားမည်ဖြစ်ရာ ဇန်နဝါရီ ၄ ရက် ည ၇ နာရီတွင် သမ္မတအိမ်တော် အဝင်လမ်း၏ ညာဘက်ခြမ်း၌ မီရှူးမီးပန်း အလုံး (၁၅၀)အား (၃)မိနစ် ပစ်ဖောက်မည်ဖြစ်ပြီး ည ၇ နာရီ ၅ မိနစ်တွင် နေပြည်တော် ရေပန်းဥယျာဉ် ဂိတ်အမှတ်(၁) အဝင်လမ်း၌ မီရှူးမီးပန်း အလုံး (၂၈၀)အား (၆)မိနစ် ပစ်ဖောက်သွားမည်ဖြစ်ကြောင်း သိရသည်။
MDN


