လဲချား ၁၂ ဖေဖော်ဝါရီ

 

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သော (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်၊ သီရိဟံသာခန်းမ၌ ယနေ့နံနက် ၇ နာရီက ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်မှ ဖတ်ကြားခဲ့သည်။

 

8596

 

ထို့နောက် လဲချားမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော် အကများဖြင့် ဖျော်ဖြေခဲ့ကြပြီး (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲမှ (ထက်/လယ်/မူ) အဆင့် ဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း၊ အခမ်းအနားသို့  အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စစ်မှု ထမ်းဟောင်းများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၊ ပြည်သူများ တက်ရောက် ခဲ့ကြသည်။

 

မြို့နယ် (ပြန်/ဆက်)

 

963.