ဝါးခယ်မ ၁၂ ဖေဖော်ဝါရီ
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သော (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် မြို့မအားကစားကွင်းအတွင်း၌ ယနေ့နံနက် ၇ နာရီက ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဆရာကြီး ဆရာမကြီးများနှင့် ကျောင်းသား ကျောင်းသူများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တက်ရောက်ကြသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတထံမှ ပေးပို့သော သဝဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က ဖတ်ကြားခဲ့ကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)