ကျိုက်ဒုံ ၁၁ ဇန်နဝါရီ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ယနေ့နံနက် ၇ နာရီက (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စုပေါင်းအမှိုက်ကောက်ခြင်းကို ဆောင်ရွက်ခဲ့သည်။

 

ေ

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဉီးမင်းဇော် ဦးဆောင်၍ ဌာနဆိုင်ရာများ၊ နယ်မြေစခန်းမှူး ရဲအုပ်ထွန်းနေဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့များ၊ စည်ပင်ဦးစီးမှူးဦးသန့်ဇော်နှင့်အဖွဲ့များ၊ (အ.ထ.က)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မအားကစားကွင်းသို့ သွားရောက်၍ လမ်းဘေးဝဲယာများတွင် စွန့်ပစ်အမှိုက်များကောက်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သန်းထွန်းနိုင်(ပြန်/ဆက်)