နေပြည်တော် ၁၀ ဖေဖော်ဝါရီ
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားများကို နေပြည်တော်ရှိ မြို့တော်ခန်းမနှင့် ရှမ်းပြည်နယ် ပင်လုံမြို့တို့မှာ ဖေဖေါ်ဝါရီ (၁၂)ရက်တွင် ကျင်းပမည်ဖြစ်သည်။
နေပြည်တော်ရှိ မြို့တော်ခန်းမတွင် ကျင်းပမည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို ယင်းနေ့နံနက် (၆) နာရီ မိနစ် (၄၀)၌လည်း ကောင်း၊ ရှမ်းပြည်နယ် ပင်လုံမြို့တွင်ကျင်းပမည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို ယင်းနေ့နံနက်(၉)နာရီ(၁၅)မိနစ်၌လည်းကောင်း စတင်ထုတ်လွှင့်သွားမည်ဖြစ်ရာ အဆိုပါ အခမ်းအနားကျင်းပပုံများကို မြန်မာ့ရုပ်မြင်သံကြား (MRTV) ၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း(NRC Channel) ၊ MRTV-4 ၊ Skynet Up to Date ၊ Channel 9 ၊ တိုင်းရင်းသား ၊ MITV ၊ MNTV ၊ Mizzima ၊ မြန်မာ့အသံရေဒီယို အစီအစဉ်နှင့် Ministry of Information Facebook Page ၊ MRTV Facebook Page ၊ Myanmar Digital News Facebook Page နှင့် Skynet DTH Facebook Page တို့တွင် တိုက်ရိုက်ထုတ်လွှင့် သွားမည်ဖြစ်သည်။
ထို့အပြင် ပြည်ထောင်စုနေ့ တိုင်းရင်းသားပဒေသာကပွဲ ဖျော်ဖြေမှုကို ယင်းနေ့ညနေ (၆)နာရီ၌ ယခင်နှစ်များကဲ့သို့ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း (NRC Channel)တွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)