ဇီးကုန်း ၁၀ ဖေဖော်ဝါရီ
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ဇီးကုန်း)တွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသားကျောင်းသူများက ဝင်ရောက် ဖြေဆိုခဲ့ကြသည်။
ကဗျာပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ (၁၁)ဦးနှင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၂၄)ဦး စုစုပေါင်း(၃၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဆုရရှိသူများကို ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်သော (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ဇီးကုန်း)