ရန်ကုန် ဇူလိုင် ၁၉

 

(၇၄)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံအား တိုင်ဝက်သို့ လျှော့ချလွှင့်ထူခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရာ ရန်ကုန်မြို့ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး) ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ၊ တက်ရောက်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုကြပြီး နှစ်မိနစ် ငြိမ်သက်စွာ မေတ္တာပို့အမျှပေးဝေကြသည်။

 

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ရန်ကုန်မြို့ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး) အတွင်းသို့ အများပြည်သူ လာရောက်လေ့လာခွင့်ကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ယမန်နှစ်များနည်းတူ ယခုနှစ်တွင်လည်း ခွင့်ပြုထားခြင်းမရှိကြောင်း သိရသည်။

 

(၇၄) နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇မိ နစ်အချိန်၌ ဥသြဆွဲ အချက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn