ပြည်တော် ဇန်နဝါရီ ၂
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် (၂၀၀ ကျပ် တန်) စာပို့တံဆိပ်ခေါင်းသစ် (၃) မျိုးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ပြာသိုလဆန်း (၃) ရက် (အင်္ဂါနေ့)၊ နံနက် (၉) နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည် ဖြစ်သည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇန်နဝါရီ (၄) ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

