ရေတာရှည် ဒီဇင်ဘာ ၂၄
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထက ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရေတာရှည်မြို့နယ် အားကစားကွင်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။
ဘောလုံးပြိုင်ပွဲဝင်အသင်းများဖြစ်သော အထက(နန်ချွန်)၊ အထက(ရေတာရှည်)၊ အထက(ရွှေကြက် ယက်)၊ အထက(ဆွာ)၊ အထက(သာဂရ)၊ အထက(ရေနီ)တို့က ကွင်းအတွင်းနေရာယူ၍ နိုင်ငံတော်အလံ အား အလေးပြုခြင်း၊ အားကစားအဓိဋ္ဌာန် ရွတ်ဆိုခြင်းတို့ ဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်းက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများကို နှုတ်ဆက်အားပေး၍ အသင်းအုပ်ချုပ်သူများအား ဘောလုံးများ ထောက်ပံ့ပေးအပ်သည်။ အဖွင့်ပွဲစဉ်အဖြစ် အထက(သာဂရ)အသင်းနှင့် အထက(ရေတာရှည်)အသင်းတို့ ယှဉ်ပြိုင်ကစားပုံများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကိုလွင်(ဆွာ)