နေပြည်တော် ဒီဇင်ဘာ ၂၅
၂၀၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲ များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်းရှိ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ဦးစွာ ဒုတိယဝန်ကြီးသည်ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပလျက်ရှိသော (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန (အမျိုးသမီး)အသင်းနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ (အမျိုးသမီး)အသင်း၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန (အမျိုးသမီး)အသင်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန(အမျိုး သမီး)အသင်း၊ ပြည်ထဲရေးဝန်ကြီးဌာန (အမျိုးသား)အသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန(အမျိုးသား) အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဖူဆယ်အားကစားရုံ၌ ကျင်းပလျက်ရှိသော အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအသင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်း တို့ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးသည်။
အဆိုပါအားကစားယှဉ်ပြိုင်ပွဲများကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက်တွင် ရပ်နားမည်ဖြစ်ကာ ဒီဇင်ဘာ ၂၆ ရက်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ (အမျိုးသား အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲများနှင့် ဖူဆယ်အားကစားရုံ၌ ဖူဆယ် (အမျိုးသား) ပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်