နေပြည်တော် ဒီဇင်ဘာ ၁၄

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော (၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲကို ၁၃၈၃ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် (ဗုဒ္ဓဟူး)နေ့မှ ၁၃၈၃ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် (တနင်္ဂနွေ)နေ့အထိ (၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့အထိ) ကျင်းပမည်ဖြစ်သည်။

 

ဝင်ရောက်ဖြေဆိုမည့် သံဃာတော်အရှင်သူမြတ်များသည် လက်မှတ်ရေးထိုး တင်သွင်းပြီးနောက် အကြောင်း မညီညွတ်၍ ဖြေဆိုရန် ပျက်ကွက်ပါက ပျက်ကွက်သည့်အကြောင်းကို ၁၃၈၃ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်) နောက်ဆုံးထား၍ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ စာမေးပွဲဌာနခွဲ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့သို့ အကြောင်းပြန်ကြားရန်ဖြစ်ပါကြောင်း သာသနာရေး ဦးစီးဌာနမှ သတင်းရရှိသည်။

(သတင်းစဉ်)