မြဝတီ  ၊ ၂၉ ဇန်နဝါရီ 

(၇၄)နှစ် မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာနှင့်ပုံပြော ပြိုင်ပွဲများကို အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ် လွှင့်၍ မြဝတီမြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြိုင်ပွဲကျင်းပရာတွင် မြဝတီခရိုင်ပြည်သူ့စာကြည့်တိုက် Page မှတိုက်ရိုက်ထုတ်လွှင့်ပြသပြီး Like အရေအတွက် အများဆုံးရရှိသူများကို ဆုများချီးမြှင့်သွားမည်ဖြစ်ပြီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန တွင် ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်း၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဒုတိယဥက္ကဌ ဦးထွန်းထွန်းဦး၊ မြဝတီမြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးတေဇာအေး၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်စုစုသွယ်နှင့် တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေး ကြသည်။

အဆိုပါ ပြိုင်ပွဲကို လာမည့် ဖေဖော်ဝါရီလ ၆ ရက်နှင့် ၇ ရက်တွင် မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် ရိုက်ကူးကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုချီးမြှင့်ရန်အတွက် မင်းပြည့် ချမ်းသာ ကုမ္မဏီမှ ဦးကျော်ဇေယျက ငွေကျပ်(၃ဝဝဝဝဝ)၊ ထူးရွှေလင်းကုမ္ပဏီမှ ဦးမျိုးအောင်က ငွေကျပ်၂ဝဝဝဝဝ ၊ ရာမာဉ်စားသောက်ဆိုင်မှ မသန္တာမိသားစုက ငွေကျပ် ၁ဝဝဝဝဝ အသီးသီးလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)