လှိုင်းဘွဲ ဇူလိုင် ၁၉
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မမေ့သင့် မမေ့အပ်သော အာဇာနည် နေ့ အကြောင်းအရာများကို ပြည်သူများသိရှိနိုင်စေရန်အတွက် ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့် တိုက် ( Community Centre ) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ( Talk Show ) ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်စန်းမြင့်နှင့်ဝန်ထမ်းတို့က နှစ်စဉ် အားဇာနည်နေ့ ကျရောက်တိုင်း အာဇာနည်နှင့်ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေး ဆောင်ရွက်နိုင်ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အွန်လိုင်းမှတစ်ဆင့် (၇၄)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်ရသည့် ရည်ရွယ်ချက်၊ အာဇာနည် ဆိုသည်မှာ၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ အားဇာနည်ခေါင်းဆောင်ကြီးများ၏ အကြောင်းများ၊ အာဇာနည်သူရဲကောင်းတို့၏ အတုယူဖွယ်ရာ အာဇာနည်စိတ်ဓါတ်၊ လွတ်လပ်ရေးအတွက် အာဇာနည်တို့၏ ကြိုးပမ်းဆောင်ရွက်ချက်များ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မြိို့နယ်(ပြန်/ဆက်)


