မော်လိုက် ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက မော်လိုက်အထကတွင် စတင် ကျင်းပသည်။
ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက်မှ ၃ဝ ရက်အထိ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများက မီတာ ၁၀၀ ကျား/မ၊ မီတာ ၂၀၀ ကျား/မ၊ ခြင်းလုံးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲဖွင့်ပွဲသို့ မော်လိုက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြိုင်ပွဲယှဉ်ပြိုင်နေမှုအား ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
မော်လိုက်(ပြန်/ဆက်)