ချောင်းသာ   ဒီဇင်ဘာ   ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက အထက(ချောင်းသာ)၌ ပြုလုပ်ခဲ့သည်။

ကျောင်းသား ကျောင်းသူများ၊ လူငယ် လူရွယ်များ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက် လာစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏ စွမ်းရည် ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

အားကစားပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများက လွန်ဆွဲပြိုင်ပွဲ အား အတန်းအလိုက် အသင်း ငါးသင်းဖွဲ့ပြီး ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ အားကစားပြိုင်ပွဲကို အထက(ချောင်းသာ)မှ တာဝန်ခံကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုပေါင်း၍ ပျော်ရွှင်စွာကျင်းပခဲ့ကြကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)