ရန်ကုန်    ဒီဇင်ဘာ    ၂၉

 

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝင်း၌ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစား ပြိုင်ပွဲကို ပြုလုပ်ခဲ့သည်။

 

အဆိုပါ မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို ပန်းဘဲတန်းမြို့နယ် ပညာရေးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းရှစ်ကျောင်းမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူ ၇၀ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

 

မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများကို အာလူးကောက်ပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲနှင့် မုန့်စားပြိုင်ပွဲ၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများကို ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများကို ဘော်လီဘောပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး ပြိုင်ပွဲများအလိုက် ဆုရရှိသူများကို (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့၌ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)