ပုဏ္ဏားကျွန်း   ဒီဇင်ဘာ   ၂၈

 

(၇၄)နှစ်မြောက် လွတ်လပ်ရေးကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ အခြေခံပညာ ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲနှင့် ပဟေဠိပြိုင်ပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ မူ/လွန်(စံပြ-၂)ကျောင်း၌ ကျင်းပသည်။

 

အဆိုပါ စာစီစာကုံးပြိုင်၌ မူလတန်းအဆင့်တွင် လွတ်လပ်ရေးနေ့နှင့်လူငယ်တာဝန် ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးတို့က လည်းကောင်း၊ အလယ်တန်းအဆင့်တွင် ကလေးလူငယ်များ ကျန်းမာကြံ့ခိုင်ရေး လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများ ဆင်နွဲပေး ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၂၄ ဦးတို့က လည်းကောင်း၊ အထက်တန်းအဆင့်တွင် လွတ်လပ်ရေးခိုင်မြဲဖို့ ညီညီညွတ်ညွတ် ကြိုးစားစို့ ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ကိုးဦးတို့က လည်းကောင်း၊ ပဟေဠိ ပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ကိုးဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တာဝန်ကျ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

နီထွန်းအောင်(ပြန်/ဆက်)