ကျိူက်မရော   ဒီဇင်ဘာ   ၂၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက အမကနောင်လုံကွင်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမကနောင်လုံကွင်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေဝင်းက အားကစား ပြိုင်ပွဲများ ကျင်းပပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား ကျောင်းသူများကို အဖွဲ့လေးဖွဲ့ခွဲကာ ထုပ်ဆီးတိုးပြိုင်ပွဲ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဘောလုံးကန်ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ပြီး ဆုရရှိသူများကို ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသားမိဘများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)