ပြည် ၁၄ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ပြည်မြို့ကုတင် ၅၀ဝ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၇ နာရီအချိန်တွင် (၇၄)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သန့်ရှင်းရေးပြုလုပ်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးကို ပြည်ခရိုင်မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကျော်၊ ဦးစီးအရာရှိ ဦးကျော်လင်းစိုး၊ အရန်မီးသတ် ဒု-တပ်ရင်းမှူး ဦးအုန်းလွင်တို့က ဦးဆောင်၍ သန္ဓေမီးသတ်နှင့် အရန်မီးသတ်အင်အား (၁၀ဝ) ဦးခန့်က ကုတင် ၅၀ဝ ဆံ့ ပြည်သူ့ဆေးရုံကြီးအတွင်း ခြုံနွယ်ပိတ်ပေါင်းများ ခုတ်တွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ တူးဖေါ်ပေးခြင်း၊မြေများဖို့ခြင်း၊ အမိုက်များသိမ်း၍ မီးရှို့ပေးခြင်း စသောပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းမင်းစိုး(ပြည်)ပြန်/ဆက်


