လွိုင်ကော်   ၅  မေ    

 

(၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ စံပြသင်တန်းသားဆု၊ သင်တန်းထူးချွန်ဆု၊ နေအိမ်လိုင်းခန်း သန့်ရှင်းရေးဆု ချီးမြှင့်ခြင်းကို ယနေ့နံနက် ၉ နာရီက လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်ရှိ ပြည်နယ်မီးသတ် ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်နယ်မီးသတ်ဦးစီးမှူး ဦးမြကြိုင်က စံပြမီးသတ်စခန်းဆုရရှိသည့် လွိုင်ကော်မြို့နယ် မီးသတ်စခန်းနှင့် စံပြသင်တန်းသားဆုရရှိသည့် လွိုင်ကော်ခရိုင်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ခိုင်ဇင်ဝေအားလည်းကောင်း၊ လွိုင်ကော်ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်သန်းက ယာဉ်မောင်းသင်တန်းတွင် ပထမဆုရရှိသည့် လွိုင်ကော်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်သား ဝေယံဟိန်းအား လည်း ကောင်း၊ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းသိန်းက ယာဉ်မောင်း သင်တန်းတွင် ဒုတိယဆုရရှိသည့် ရှားတောမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ကြပ် မာရိကို အားလည်းကောင်း၊  လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇော်မျိုးက မီးသတ်ပညာနည်းပြသင်တန်းတွင် တတိယဆုရရှိသည့် မော်ချီးနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ရဲဝင်းနိုင်နှင့် ယာဉ်မောင်းသင်တန်းတွင် တတိယဆုရရှိသည့် မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်သား ဦးရယ်အားလည်းကောင်း၊ မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်သိင်္ဂီအေးက   ဝန်ထမ်းနေအိမ်လိုင်းခန်းသန့်ရှင်းသာယာလှပရေး တွင် ပထမဆုရရှိသည့် လွိုင်ကော်ခရိုင်မီးသတ်စခန်းမှ မီးသတ်တပ်ကြပ် ဇော်မင်းဌေး၏ဇနီး ဒေါ်မာလာဝင်း အားလည်းကောင်း လွိုင်ကော်ခရိုင်မီးသတ်ဦးစီးမှူး၏ ဇနီး ဒေါ်အေးအေးကျော် က နေအိမ်လိုင်းခန်း ဒုတိယဆုရရှိသည့် လွိုင်ကော်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ကြပ်ကြီး သန်းထိုက်အောင်၏ဇနီး ဒေါ်ကလောမြာအားလည်းကောင်း ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းသိန်း၏ဇနီး ဒေါ်ရည်မွန်မောင် က နေအိမ်လိုင်းခန်း တတိယဆုရရှိ လွိုင်ကော်မြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးသိန်းသန်းဇော်၏ ဇနီး ဒေါ်ဇင်မာစိုး အားလည်းကောင်း၊ မိသားစု စည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်သိင်္ဂီအေး က အထူးဆုရရှိသည့် လွိုင်ကော်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ကြပ် စောရောဝဲလာ၏ ဇနီး ဒေါ်မူကရက်အား  လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ကြောင်းသိရသည်။

 

ဆက်လက်ပြီး ကယားပြည်နယ်မီးသတ်ဦးစီးဌာနမှ ယနေ့ နံနက် (၁၁)နာရီခွဲတွင် ကြည်သာယာ ရပ်ကွက်ရှိ ပြည်နယ် ဘိုးဘွားရိပ်သာရှိ အဘိုးအဖွား (၄၅)ဦးတို့အား တစ်နေ့တာထမင်းဟင်း ကျွေးမွေးလှူဒါန်းမှုများ ဆောင်ရွက်ခဲ့ကြသည်။

 

ကယားပြည်နယ်မီးသတ်ဦးစီးဌာနအနေဖြင့် (၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကယားပြည်နယ်မီးသတ်ဦးစီးဌာန၊ လွိုင်ကော်ခရိုင် အတွင်းရှိ မီးသတ်ဦးစီးဌာနများမှ သန္ဓေတပ်ဖွဲ့ဝင် (၂၀) ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦး စုစုပေါင်း ၅၀ တို့က မေလ ၃ ရက်နေ့ နံနက် ၉ နာရီခွဲက လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ် ၌ သွေးလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

ကိုစိုင်း (လွိုင်ကော်)