နေပြည်တော်၊ ၆   ဇန်နဝါရီ

 

၂၀၂၁ ခုနှစ် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၆ ရက် နံနက်(၁၀)နာရီတွင် နေပြည်တော် စည်ပင်သာယာ ရေးကော်မတီ  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

mdn

 

ရှေးဦးစွာ ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က အခမ်းအနားကျင်းပသွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး မင်းနောင် က (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးအတွက် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။

 

ယင်းနောက် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေ များကို ဆွေးနွေး တင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ဆွေးနွေးမှုများအပေါ် ဖြည့်စွက် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

ဇော်မင်းလွင်(ခရိုင် ပြန်/ဆက်)