(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား  ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်းပြိုင်ပွဲ            ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၂၉ 
    
ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်း နှီးမှု ရရှိပြီး မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်လာစေရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေ ရေးနှင့် မြန်မာ့ ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေပြီး မျိုးဆက် သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား  ပြည်နယ် နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။
    
အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပိုက်ကျော် ခြင်းအားကစားနည်းသည် ခြင်းလုံး နှင့်ပိုက်ရှိလျှင် အလွယ်တကူ ကစားနိုင်သည့် အားကစားနည်း ဖြစ်သောကြောင့် မြန်မာ နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူလူထုတစ်ရပ်လုံးက စိတ်ပါဝင်စားစွာကစား ကြသည့် အားကစားနည်း တစ်ခု ဖြစ်ပြီး အာရှနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော နိုင်ငံ့ဂုဏ်ဆောင်ပေးနိုင်ခဲ့သည့် အားကစားနည်း လည်းဖြစ်ပါကြောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းဖြင့် အာရှနှင့် အရှေ့တောင်အာရှ အားက စား ပြိုင်ပွဲများတွင် ရွှေတံဆိပ်(၂၀) ၊ ငွေတံဆိပ်(၂၃)ခုနှင့် ကြေးတံဆိပ် (၃၂)ခု၊ စုစုပေါင်း ဆု တံဆိပ် (၇၅)ခု ရရှိခဲ့ပြီး၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း ရွှေတံ ဆိပ်(၁)ခု၊ ကြေးတံဆိပ် (၃)ခု ရယူပေးနိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင် ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ပိုက် ကျော်ခြင်းအဖွဲ့ချုပ်၏ “တန်ဖိုးနည်းဝန်ပါ သင်ကျန်းမာဘို့ ပိုက်ကျော်ခြင်း ကစားကြစို့” ဆို သည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေးအတွက်ဖြစ်စေ၊ အားကစားအတွက်ဖြစ်စေ လေ့ကျင့် ယှဉ်ပြိုင်ကစားနိုင်သော အားကစားနည်းလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ ချုပ်မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများက အာရှအဆင့်နှင့် အရှေ့တောင် အာရှ အဆင့် အားကစား ပြိုင်ပွဲများတွင်လည်း ဆက်လက်ပြီး အောင်မြင်မှုများရရှိစေရန်အတွက် ဆထက်ထမ်းပိုး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့ ကိုယ်စားပြုယှဉ်ပြိုင် သည့်အသင်းအောင်နိုင်ရေးအတွက် မိမိတို့၏ အားကစားစွမ်း ရည် များကို ဖော်ထုတ်ပြသ၍ အားကစား စိတ်ဓါတ်အပြည့်အဝဖြင့် အနိုင်မခံ အရှုံးမပေးဘဲ အကောင်း ဆုံး ပါဝင်ယှဉ်ပြိုင်ပြီး ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ထူးချွန်ထက်မြက် သော အားကစားသမားကောင်းများဖြစ်လာစေရန် ကြိုးစား သွားကြစေလိုကြောင်း ပြောကြားခဲ့ပြီး (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အထိမ်းအမှတ်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဖလား  ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်းပြိုင်ပွဲ ကို ဖွင့်လှစ်ပေးသည်။
    
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက နိုင်ငံတော်သီချင်းသီဆိုခြင်းနှင့် အားကစား သစ္စာ အဓိဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမားများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမ နေ့ပွဲစဉ်အဖြစ် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစား နေမှု များကို ကြည့်ရှု အားပေးခသည်။
    
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ များ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက် ခဲ့ကြပြီး ပြိုင်ပွဲကို ဒီဇင်ဘာ (၂၉)ရက်မှ ၂၀၂၃ခုနှစ် ဇန်နဝါရီ(၃)ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လက်ဝှေ့ပြိုင်ပွဲရုံ၌ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် (အမျိုးသား) အသင်း(၁၅)သင်း ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)