သရက်   ဒီဇင်ဘာ   ၂၃

 

မကွေးတိုင်းဒေသကြီး   သရက်မြို့၌    (၇၅)နှစ်မြောက်   စိန်ရတုလွတ်လပ်ရေးနေ့ကို   ကြိုဆို ဂုဏ်ပြုသောအားဖြင့်  သရက်ခရိုင်ခန်းမသစ်ဖွင့်ပွဲ  အခမ်းအနားကို   ယမန်နေ့  နံနက်ပိုင်းက အဆိုပါ ခန်းမသစ်ရှေ့၌ ကျင်းပခဲ့သည်။

 

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့  အနေဖြင့် လည်း တိုင်းဒေသကြီးအတွင်း    မြို့နယ်များအားလုံးရှိ ပြည်သူများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ   ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊    သရက်ခရိုင်ခန်းမကြီး ရေရှည်တည်တံ့ခိုင်မြဲပြီး သန့်ရှင်းသာယာလှပစေရေးအတွက် မြို့မိမြို့ဖများ၊ စည်ပင် သာယာရေးကော်မတီများက ဝိုင်းဝန်းထိန်းသိမ်းစောင့် ရှောက်ပေးရန်နှင့် ဒေသဖွံ့ဖြိုးရေး အတွက် ပြည်သူများအနေဖြင့်  ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

 

သရက်ခရိုင်ခန်းမသည် အလျား ၁၆၈ ပေ၊ အနံ ၈၆ ပေ၊ အမြင့် ၁၇ ပေ R.C.C Structure အမျိုးအစား ဖြစ်ပြီး လူဦးရေ ၆၀ဝ ခန့်ဝင်ဆံ့ကြောင်း သိရသည်။                 

တိုင်းဒေသကြီး(ပြန်/ဆက်)