ရန်ကုန် ဇန်နဝါရီ -၂၀

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကကြီးမှူးကျင်းပသော (ရ၅)ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋက ဓရ ကောဝိဒရွေးချယ်ရေး စာမေးပွဲသဘောရေးဖြေ စာမေးပွဲကို ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်မြေရှိ မဟာပါသဏလှိုက်ဂူ၌ ယနေ့မှ စ၍ ဇန်နဝါရီ(၂၄)ရက်အထိ (၅)ရက် တိုင်တိုင် ဖြေဆိုကျင်းပသွားမည်ဖြစ်သည်၊၊

 

ယနေ့သဘောရေးဖြေ စာမေးပွဲတွင်အဘိဓမ္မာ(ဒုတိယပိုင်း) စာရင်းသွင်း(၆)ပါး၊ အဘိဓမ္မာ (ပထမ ပိင်း) စာရင်းသွင်း(၁၁)ပါး၊ ဒီဃနိကာယ်စာရင်းသွင်း (၂၈)ပါး၊ ဝိနည်း(ဒုတိယပိုင်း) စာရင်းသွင်း(၅၉)ပါး၊ ဝိနည်း (ပထမပိုင်း) စာရင်းသွင်း အပါး(၉၀) စုစုပေါင်း ဆရာတော်(၁၉၄)ပါး ဖြေဆိုရန် စာရင်းသွင်းထားပြီး ယခုလာရောက်ဖြေဆိုသူဆရာတော် အဘိဓမ္မာ(ဒုတိယပိုင်း) (၆)ပါး၊ အဘိဓမ္မာ(ပထမပိုင်း) (၈)ပါး၊ ဒီဃနိကာယ်(၂၇)ပါး၊ ဝိနည်း(ပထမပိုင်း) (၇၉)ပါး စုစုပေါင်း အပါး(၁၂၀) တို့ ဖြေဆိုကြကာ ဝိနည်း (ဒုတိယပိုင်း) (၅၉)ပါးသည် ဇန်နဝါရီ (၂၂)ရပ်မှစ၍(၂၄)ရက်အထိ ဖြေဆိုကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇော်မင်းလတ်(သတင်းစဉ်)