ဒဂုံမြောက် ဇန်နဝါရီ ၅
(၇၅)နှစ်မြောက် မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် အဖွဲ့ချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၂ ရက်နေ့က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြိုင်ပွဲအမျိုးအစားအလိုက် ဗိုလ်လုပွဲများ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါ မြန်မာ့ရိုးရာမြင်းစီးပြိုင်ပွဲများတွင် မြန်မာ့ရိုးရာ အသားကျပြိုင်ပွဲ၌ ပထမ ကိုဇေယျာဝင်း(ရွှေဇင်ယော်)၊ ဒုတိယ ကိုပြုံးချို(ထိပ်ထား)၊ တတိယ ကိုအောင်ဆန်းလင်း(မြန်မာပြည်ချမ်းချမ်း)၊ မြန်မာ့ရိုးရာ ဒုန်းစီးပြိုင်ပွဲ (အငယ်တန်း)၌ ပထမ ကိုဇော်မြင့်(ပတ္တမြားမြေ)၊ ဒုတိယ ကိုချစ်လား(အဓိပတိ)၊ တတိယ ကိုကျော်ထက်(ထိပ်ထား)၊ မြန်မာ့ရိုးရာ ဒုန်းစီးပြိုင်ပွဲ အလတ်တန်း၌ ပထမ ကိုကျော်မင်းကို(ထွန်းတောက်)၊ ဒုတိယ ကိုချစ်ချစ်နောင်(ထီလာတံခွန်)၊ တတိယ ကိုဆန္ဒာ(ပဲကြီး)၊ ဒုန်းပြိုင်ပွဲအကြီးတန်း၌ ပထမ ကိုချစ်လား(ပျံလွှား)၊ ဒုတိယ ကိုအောင်အောင်စိုး(ရဲရဲတောက်)၊ တတိယ ကိုမြင့်စိုး(ဓူဝံ)၊ ဒုန်းပြိုင်ပွဲအထူးတန်း၌ ပထမ ကိုဖြိုးသီဟဇော်(BOND၊ ROLLAR)၊ ဒုတိယ ကိုနန်းကိုဝင်း(ကစ္စပနဒီ)၊ အေးသီတာထွန်း(owner)၊ တတိယ ကိုဇင်မင်း(မိုခမ်း)နှင့်Dressage အလှပြိုင်ပွဲတွင် ဦးသန်းနိုင်အောင်၊ တန်းခုန်ပြိုင်ပွဲတွင် ပထမ ဒေါ်ပိုးအိဖြူ(စိန်ဝင်းနွယ်)၊ ဒုတိယ ဦးရှင်းခန့်ဝင်း(မန္တလေးနွယ်)၊ တတိယ ဦးသန်းနိုင်အောင်တို့က ဆုများ အသီးသီးရရှိခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ