mdn

ပြည်   ဖေဖော်ဝါရီ    ၁

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ ကမ်းနားလမ်း၌ ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ကွန်ကရစ်လမ်း ဖွင့်ပွဲ ကျင်းပရာ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပြည်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် ပြည်မြို့ ဆံတော်ရပ်ကွက်နှင့် ကျောင်းကြီးအိုတန်းရပ်ကွက်အတွင်း စာတိုက်ဟောင်းလမ်းမှ စျေးကြီးအထိ ဖောက်လုပ်ထားခြင်းဖြစ်ပြီး အရှည် ပေ ၂၁၄၀၊ အကျယ် ၂၄ ပေ၊ ထု ၈ လက်မရှိကာ ရဟန်းသံဃာတော်များ၊ ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အနယ်နယ် အရပ်ရပ်မှ ဘုရာဖူးပြည်သူများ အလွယ်တကူ သွားလာနိုင်ရန်နှင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးများ ဖွံ့ဖြိုးတိုတက်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မင်းမင်းစိုး