မော်လမြိုင် ဇန်နဝါရီ ၅

 

မွန်ပြည်နယ်၌ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းများ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၄ ရက် ညနေပိုင်းက မော်လမြိုင်မြို့ မြစ်ကမ်းသာ ကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းနှင့် အသေးစား/ အငယ်စား/ အလတ်စား ထုတ်ကုန်အရောင်းပြခန်းများအား ခေတ္တဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လှည့်လည်ကြည့်ရှုပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသော ပြခန်းများအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။   

 

စည်သူ(ပြန်/ဆက်)