နေပြည်တော် ဖေဖော်ဝါရီ ၁၀

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀/- ကျပ်တန် ) (၃)မျိုးအား ၂၀၂ခုနှစ်၊ ဖေဖော်ဝါရီ (၁၂) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း (၁၂) ရက် (စနေနေ့)၊ နံနက် ၉ နာရီမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် ရောင်းချပေးသွားမည် ဖြစ်သည်။

 

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့တွင် ဖေဖော်ဝါရီ (၁၂) ရက်၊ (စနေနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲ အမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်