မုံရွာ၊ ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်တွင်းဥယျာဉ်ခြံထွက် သီးနှံပြပွဲပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချစွာ စားသုံးနိုင်သည့် သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ အိမ်တွင်းဥယျာဉ်ခြံသီးနှံများအား စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြင့် လိုက်နာစိုက်ပျိုးရေး၊ စားသုံးသူဝန်ထမ်းများကိုယ်တိုင် စိုက်ပျိုးစားသောက်သည့် အလေ့အထဖြစ်စေရေးနှင့် ပတ်သက်သည့် နည်းပညာများအား တိုင်းဒေသကြီး ဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးနှင့် တိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုး တာဝန်ခံများမှ ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ အိမ်တွင်းဥယျာဉ်ခြံထွက် သီးနှံပြပွဲပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မုံရွာခရိုင်ဦးစီးမှူးရုံးနှင့် မုံရွာမြို့နယ်ဦးစီးမှူးရုံးတို့မှ ဝန်ထမ်းများနှင့် မုံရွာမြို့နယ်မှ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက် (၂၅)မျိုး၊ သစ်သီးဝလံ (၁၅)မျိုးနှင့် ပန်းမာန်(၁၅)မျိုးအား ပါဝင်ယှဉ်ပြိုင်ပြသခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို အဆိုပါရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ပြိုင်ပွဲအမျိုးအစားများအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


