ပုသိမ် ဖေဖော်ဝါရီ ၃

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားနည်းလေးမျိုး ပြိုင်ပွဲဖွင့်လှစ်ပွဲကို ပုသိမ်ခရိုင် ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားအသင်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြိုင်ပွဲဝင်အားကစားသမားများ နေရာယူကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား အလေးပြုကြပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အဖွင့်မိန့်ခွန်းပြောကြားကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ပြိုင်ပွဲကို ပထမပွဲစဉ်အဖြစ် အမျိုးသားဘော်လီဘော အသင်းတို့ စတင်ယှဉ်ပြိုင်ကြရာ မြောင်းမြခရိုင် ဘော်လီဘောအသင်းနှင့် မအူပင်ခရိုင် ဘော်လီဘောအသင်းတို့၏ ယှဉ်ပြိုင်ကစားကြမှုများနှင့် အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် မြောင်းမြခရိုင်နှင့် ပုသိမ်ခရိုင် အမျိုးသမီး ဘော်လီဘောအသင်းတို့၏ ယှဉ်ပြိုင်နေမှုများကို ဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် အားကစားနည်းလေးမျိုးဖြစ်သော ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ထုပ်စည်းတိုးနှင့် အပြေးပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး ယနေ့ဖေဖော်ဝါရီ ၃ ရက်မှ ၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြန်/ဆက်