နေပြည်တော်    မတ်     ၃

 

(၇၅) နှစ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ၌ အောင်မြင်တော်မူကြသည့် စာအောင် သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး      ယင်းမာပင်မြို့နယ် ရွှေတောင်ဦးတိပိဋကဓမ္မပါလ မဟာဝိဟာရကျောင်း တိုက်ရှိ ဓမ္မဝိနယဓမ္မာရုံ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊    တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊  တိုင်းမှူးနှင့် တက်ရောက်လာကြသူများက   နိုင်ငံတော်ဩဝါဒါ စရိယ      မုံရွာမြို့    မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက် ဆရာတော်  ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ အရိယာ လင်္ကာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညို ကြပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့ပြင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (၇၅)နှစ်မြောက်   တိပိဋကဓရ  တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲ၌  ရေးဖြေအောင်သံဃာ နှစ်ပါးနှင့် အာဂုံအောင် သံဃာ ၁၃ ပါး  စုစုပေါင်း သံဃာ ၁၅ ပါးတို့အား   တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်    တိုင်းမှူးတို့က   စာအောင်လက်မှတ်နှင့် စာအောင်ဆုများကို ဆက်ကပ်၍ မုံရွာမြို့ ရန်ကင်း ကျောင်းတိုက်ဆရာတော်    တိပိဋကဓရ    တိပိဋကကောဝိဒ   အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသထံမှ ရေစက်ချအနုမောဒနာတရား နာယူကြည်ညိုကြပြီး သံဃာတော်များအား   နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်