လေးမျက်နှာ ဖေဖော်ဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ (၇၅)နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား အမျိုးသား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲအား မြို့နယ်ငဝန်ဧရာ အားကစားကွင်းနှင့် ဘော်လီဘောပြိုင်ပွဲအားမြို့နယ်အားကစားခန်းမတို့တွင် ဖေဖော်ဝါရီ ၁၀ ရက်မှစတင်၍ ကျင်းပခဲ့ရာ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီ၌ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့သည်။   

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ(၁)အသင်း၊ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ(၂)အသင်း၊ မြို့နယ်ရဲတပ်ဖွဲ့အသင်း၊ မြို့နယ်မီးသတ်အသင်း၊ မြို့နယ်ထွေအုပ်အသင်း၊မြို့နယ်ပညာရေးအသင်းစသည့်အသင်း  (၆)သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဒိုင်းဆုကို မြို့နယ်မီးသတ်အသင်း၊ ဒုတိယဆုအား  မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ( ၁)အသင်းတို့က ရရှိခဲ့ကြောင်းနှင့် အမျိုးသားအလွတ်တန်းဘော်လီဘောပြိုင်ပွဲဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲရင့်နောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)