ရန်ကုန် ၉ မတ်
တပ်မတော်စားပွဲတင်တင်းနစ်ကော်မတီမှ ကြီးမှူးကျင်းပသည့် (၇၅)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စားပွဲတင်တင်းနစ်ဖိတ်ခေါ်ပြိုင်ပွဲကို ယနေ့နံနက်က ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်း တပ်မတော် စားပွဲတင်တင်းနစ်ကော်မတီ အားကစားရုံ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး မျိုးဆက်သစ်တစ်ဦးချင်း၊ အသက် ၁၅ နှစ်အောက်တစ်ဦးချင်း၊ အမျိုးသားအသင်းလိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြ၍ ပြိုင်ပွဲများအပြီးတွင် ပထမ၊ ဒုတိယ၊ တတိယ၊ ပူးတွဲတတိယရရှိကြသော အားကစားသမားများအား အမှတ်(၁) တပ်မတော်ဆေးရုံ(ခုတင်၅၀၀)မှ ဒုတိယတပ်မှူး ဗိုလ်မှူးကြီးလွမ်းမိုး၊ သူနာပြုအုပ်၊ ဆေးကုသမှုပါရဂူများက တစ်ဦးချင်းဆုတံဆိပ်များ ချီမြှင့်ခဲ့သည်။

ဆက်လက်၍ အမျိုးသားအသင်းလိုက် ပြိုင်ပွဲတွင် ပထမ TENအသင်း၊ ဒုတိယ MMAအသင်း၊ တတိယ က၀မြို့နယ်အသင်းနှင့် ပူးတွဲတတိယ ခရမ်းသုံးခွအသင်းတို့အား မြန်မာနိုင်ငံစားပွဲတင် တင်းနစ်ဥက္ကဌ ဦးကျော်ကျော်က တစ်ဦးချင်းဆုတံဆိပ်ကိုလည်းကောင်း၊ အသင်းလိုက် တံခွန်စိုက်ဆုဖလား ရရှိသွားသော TEN အသင်းအား တပ်မတော်စားပွဲတင်တင်းနစ် ဆပ်ကော်မတီဥက္ကဌ အမှတ်(၂)တပ်မတော်ဆေးရုံ(ခုတင်၅၀၀) တပ်မှူး ဗိုလ်မှူးချုပ်စိန်လင်း တို့က ဆုချီးမြှင့်ကြသည်။
ယင်းပြိုင်ပွဲကို မတ် ၇ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ပြီး အားကစားသမား ၃၀၀ ခန့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အာကာစိုး