နေပြည်တော် ဒီဇင်ဘာ ၁၆
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၆) နှစ် မြောက် ပြည်ထောင်စုနေ့ ကျင်းပ ရေး စီမံခန့်ခွဲမှုကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးသို့ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေး မှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်က (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခင်နှစ်များနည်းတူ ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ ယခင်နှစ်က ကျင်းပခဲ့သည့် အခမ်းအနားတွင် ကြုံတွေ့ရသည့် အားနည်ချက်၊ အားသာချက်များ ကို ပြန်လည်သုံးသပ်၍ အကောင်း ဆုံး ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ဆပ်ကော်မတီ အသီးသီးမှ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများကို ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားရန်၊ မြေစိုက်ပိုစတာများကိုလည်း ခရိုင်/မြို့နယ်များမှ သတ်မှတ် နေရာများတွင် စိုက်ထူသွားရန်၊ သဝဏ်လွှာများကိုလည်း လုံလုံ လောက်လောက် ဆောင်ရွက် ထားရှိရန်၊ ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်ရန်၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အထူးဂရုပြု စီစဉ်ဆောင်ရွက် ကြရန်နှင့် လိုအပ်ချက်များရှိပါက စီမံခန့်ခွဲမှုကော်မတီသို့ အချိန်နှင့် တစ်ပြေးညီ တင်ပြ ဆောင်ရွက်သွားကြရန်တို့ကို မှာကြားသည်။
ယင်းနောက် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်း အဝေး တက်ရောက်လာကြသည့် ဆပ်ကော်မတီဥက္ကဋ္ဌများ၊ အတွင်း ရေးမှူးများနှင့် အဖွဲ့ဝင်များက မိမိတို့ဆပ်ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်က (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများမှ မိမိတို့ ဆပ်ကော်မတီအလိုက် တာဝန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းများကို လိုအပ်ချက်မရှိအောင် စနစ်တကျပေါင်းစပ်ညှိနှိုင်း ကာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်