နတ်မောက် ဇူလိုင် ၁၇
ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့၌ နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်၌ ဓါတ်ပုံနှင့် ဆောင်းပါးများပြသနိုင်ရန် ဘုတ်ချပ်များ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မကွေးဌာနခွဲ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် စိမ်းလန်းစိုပြည်သာယာလှပအောင်နှင့် ဘက်စုံထိန်းသိမ်းရေးလုပ်ငန်း ကော်မတီအဖွဲ့တို့က ကြီးကြပ်၍ ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံ၊ ဆောင်းပါးများပြသနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်သွားမည်ရာ ရပ်နီးရပ်ဝေးရှိပြည်သူများ လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
ဦးလှဝင်း