နတ်မောက် ဇူလိုင် ၁၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို ဇူလိုင် ၁၉ ရက် နံနက်၇ နာရီမှ စတင်ဖွင့်လှစ် ပြသခဲ့ရာ အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်ကြည့်ရှုသူ များပြားလျက်ရှိသည်။
နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ပုံစံငယ် (ရန်ကုန်မြို့)၊ ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်တမ်းဓာတ်ပုံများ၊ ဆောင်းပါးများ၊ အာဇာနည်(၉)ဦး၏ အထ္ထုပ္ပတ္တိနှင့် ဓာတ်ပုံများ၊ ၁၉၁၅ မှ ၁၉၄၇ ခုနှစ်ထိ ဗိုလ်ချုပ်အောင်ဆန်း၏ တက္ကသိုလ်ကျောင်းသားဘဝ၊ နိုင်ငံရေးလောကဘဝ၊ တပ်မတော်ခေါင်းဆောင်ဘဝ၊ မိသားစုဘဝ၊ နိုင်ငံ့ခေါင်းဆောင်ဘဝ စသည့်အကြောင်းအရာများကို ပြသထားသည်။
လာရောက်ကြည့်ရှုကြသည့် ပြည်သူများအား ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မကွေးဌာနခွဲ) တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ညိုညိုသန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် နတ်မောက်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမားရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများက လုံခြုံရေး ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မကွေးတိုင်းဒေသကြီးမှ ထုတ်ဝေသည့် နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှဝင်း(ပြန်/ဆက်)