နေပြည်တော် ဇန်နဝါရီ ၃

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်(Mobile Medical Unit) ဖြင့် လူမှုဖူလုံရေးအကျုံးဝင် ဝန်ကြီးဌာနဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကွင်းဆင်းဆေးကုသမှုများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တို့က ကြည့်ရှုအားပေးခဲ့သည်။

လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အကျုံးဝင်အာမခံအလုပ်သမား ၁ ဒသမ ၂ သန်းကျော်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံကြီး (၃) ရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၉၆) ခန်း၊ ဌာနကြီးဆေး ခန်း (၆၀) ခန်း၊ စာချုပ်ဆေးခန်း (၅၄) ခန်း၊ သားဖွားမီးယပ်ပြင်ပလူနာကုသမှု (Specialist OG OPD) ဆောင်ရွက်သည့် စာချုပ်ဆေးခန်း (၂၃) ခန်း၊ မီးဖွားဝန်ဆောင်မှုဆောင်ရွက်လျက်ရှိသော စာချုပ် ဆေးရုံ/ သားဖွားခန်း (၁၂) ခန်း၊ တိုင်းရင်းဆေးခန်း (၁) ခန်းတို့အပြင် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) များဖြင့် ဆေးကုသမှုများဆောင်ရွက်ပေးလျက်ရှိသည်။
 
ဆက်လက်၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ လူမှုဖူလုံရေးအကျုံးဝင် ဝန်ကြီးဌာနများဖြစ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနရှိ အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်