သာပေါင်း ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို အမှတ်(၂)ရပ်ကွက် မင်္ဂလာတံတားအနီး ငဝန်မြစ်ကမ်းစပ်ရှိ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲမဏ္ဍပ်၌ ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၉ နာရီအချိန် မှစတင်ဖွင့်လှစ်၍ လှော်ခတ်ယှဉ်ပြိုင် ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်အသင်း လက်ခံရေးနှင့် အားကစား သမားစိစစ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ် ဦးစီး အရာရှိ ဦးဝင်းထွဋ်မှ ပြိုင်ပွဲဝင်းအသင်းများအား ပြိုင်ပွဲစည်းကမ်းများ ရှင်းလင်းပြောကြားသည်။
၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲတွင် အမျိုးသား(၅)တက် (၁၈)သင်း၊ အမျိုးသား(၇)တက် (၁၈)သင်း၊ အမျိုးသမီး ဒေသလှေ(၅)တက် (၄)သင်း၊ အမျိုးသား ဒေသခတ်တက် နှစ်စုံ(၄)သင်းတို့က မီတာ(၅၀၀)၊ (၃)ချီ၊(၃)လား ယှဉ်ပြိုင် လှော်ခတ်ကြရမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့ မှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ယှဉ်ပြိုင် လှော်ခတ်ကြမည်ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)