ရန်ကုန်၊ ဧပြီ ၃၀
(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ၊ ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် မီးသတ်ဦးစီး အရာရှိများ၊ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံက် ၇ နာရီ တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီတော်ရင်ပြင်တော်၌ ပြည်သူ့အကျိုး ပြုလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် စွမ်းတော်မြတ်စေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ဝင် ဦးထွန်းရွှေတို့က ရင်ပြင်တော်အား မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် သုံးစီးဖြင့် ဆေးကြောသန့်ရှင်းခြင်း၊ ရင်ပြင်တော်ရေ မြောင်းအတွင်းနှင့် စေတီတော်ပရဝုဏ်အတွင်းရှိ အမှိုက်သရိုက်များ စနစ်တကျရှင်း လင်းသိမ်းဆည်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေကို ၁၉၄၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မေ ၅ ရက်၌ (၇၇)နှစ်တိုင်ခဲ့ပြီဖြစ်ရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင်သန္ဓေ တပ်ဖွဲ့ဝင် ၂၅၀၊ အရန်တပ်ဖွဲ့ဝင် ၁၀၀ ဦးနှင့် သင်တန်းသား ၅၀ တို့ဖြင့် စုစုပေါင်းမီးသတ်တပ်ဖွဲ့ဝင် ၄၀၀ တို့က စွမ်တော်မြတ်စေတီတော် ရင်ပြင်တော်နှင့် ပရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြကာ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုခဲ့ ကြောင်း သိရသည်။
သတင်းစဉ်
ဓာတ်ပုံ-ကနူး