ညောင်ရွှေ ဖေဖော်ဝါရီ ၇

(၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲကို ယမန်နေ့က ညောင်ရွှေမြို့နယ် အင်းလေးကန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာဘရွှေနှင့် ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းသိန်းဇံ၊ ဒေါက်တာစိုးဝင်း၊ Jeng Phang နော်တောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး ဒေါက်တာကျန်းကျိ ဟုန်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဒေါက်တာအေးထွန်း၊ ဦးဇော်အေးမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ တက်ရောက်ကြသည်။

အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲတွင် ဗိုလ်လုပွဲစဉ်များအဖြစ် အမျိုးသား၊ အမျိုးသမီး ၂၆ တက် လှော်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး ၄၆ တက်လှော်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး ရာကျော်လှေလှော်အသင်းများ ယှဉ်ပြိုင်လှော်ခတ်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ကြည့်ရှုအားပေးကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ နှစ်သိမ့်ဆု၊ ဒုတိယဆုနှင့် ပထမဆုများ ရရှိကြသည့် လှေလှော်အသင်းများကို ဒုတိယဝန်ကြီးများ၊ တရုတ်သံရုံးမှ သံမှူးကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သမိုင်းဝင် အင်းလေးဖောင်တော်ဦးဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုကြကာ ရွှေသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်