(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် သာယာကွင်းကျေးရွာတွင် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကျင်းပ

ကျောင်းကုန်း မတ် ၂၇

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် လှည်းဆိပ်ကျေးရွာအုပ်စု သာယာကွင်း ကျေးရွာတွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို မတ် ၂၇ ရက် နံနက် ၉ နာရီက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ပုသိမ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူးနေဝင်းနောင်တို့မှ သာယာကွင်းကျေးရွာ လျှပ်စစ်မီးလင်းရေးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး တာဝန်ရှိသူများက ၄၀၀ ဗို့ ဓာတ်အားလိုင်း သွယ်တန်းထားရှိမှုနှင့် လျှပ်စစ်မီးအသုံးပြုနေမှုများအား လှည့်လည်ကြည့်ရှု ခဲ့ကြသည်။

 

mdn

 

သာယာကွင်းကျေးရွာ လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းကို ၂၀၂၁-၂၀၂၂ ခု (၆လ) ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ် (၁၀) သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၅ ဒသမ ၈၁၆၅ သန်းဖြင့် ၂၀၄၀ ပေ သွယ်တန်းခြင်းဖြစ်ပြီး ယခုအခါ အိမ်ထောင်စု (၁၃၂) စုမှ လူဦးရေ (၄၀၉) ဦးတို့သည် လျှပ်စစ်မီး သုံးစွဲနိုင်မည်ဖြစ်ကြောင်း ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

တေဇာလင်း