နေပြည်တော် ဇန်နဝါရီ ၁

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းသည် "(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် " ၂၀၀ ကျပ်တန်  အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ် (၃) မျိုး အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း (၆) ရက် (စနေနေ့)၊ နံနက် ၉ နာရီ ခွဲမှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်၊ (စနေနေ့)၊ တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်