မိုင်းဆတ် ဒီဇင်ဘာ ၂၄

 

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ငွေကျပ် သိန်း ၁၅၀ ဖြင့် မယ်နင်ကျေးရွာအုပ်စု၊ မယ်နင်ကျေးရွာ၌ “လအလင်းရောင်” စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါစာကြည့်တိုက်‌တွင် ကျင်းပသည်။

 

ဦးစွာ စာကြည့်တိုက်အဆောက်အအုံသစ်အား မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က အမှာစကားပြောကြားသည်။ ထို့နောက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ခိုင်မြင့်နှင့် မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်မှုအသင်းဥက္ကဋ္ဌ ဒေါ်မိမိခိုင်တို့က ကျေးရွာစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ကျေးရွာစာကြည့်တိုက် ကော်မတီအဖွဲ့ဝင်တို့က လက်ခံရယူကြသည်။

 

ဆက်လက်၍ ကျေးရွာစာကြည့်တိုက်ကော်မတီအဖွဲ့ဝင် ဦးကုမ္မာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တက်ရောက်လာကြသူများက စာကြည့်တိုက်အတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)